Q & A
ဘွဲ့လွန်တက္ကသိုလ်ဝင်ခွင့် လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်ပြီး ပြောပြပါ။
ဝင်ခွင့်အရည်အချင်းစစ်ဆေးပြီး၊ သုတေသနအစီအစဉ်ရေးသားကာ၊ ကျောင်းသို့ လျှောက်ထားရမည့် စာရွက်စာတမ်းများစစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရပါမည်။ အခြေခံအားဖြင့် ပညာရေးအကြံပေးပုဂ္ဂိုလ်ကို မိမိကိုယ်တိုင်ရှာဖွေရန် လိုအပ်ပြီး၊ ကျောင်းလျှောက်ထားမည့်အချိန်မတိုင်ခင် ပညာရေးအကြံပေးပုဂ္ဂိုလ်ဆီမှ မိမိကိုလက်ခံကြောင်းသဘောတူညီချက်ကိုရယူရန် လိုအပ်သည့်ကျောင်းများလည်းရှိသဖြင့် ကြိုတင်ပြီး အတည်ပြုပါ။
https://www.studyinjapan.go.jp/ja/planning/know-schools/graduate-school/
ကျောင်းလျှောက်ထားချိန်ကာလနှင့် စာရွက်စာတမ်း၊ ဝင်ခွင့်အကြောင်းအရာများကို မည်သို့ရှာဖွေရမည်နည်း။
ကျောင်းလျှောက်ထားခြင်းနှင့် ကျောင်းဝင်ခွင့်စာမေးပွဲနှင့် စပ်လျဉ်း၍ အသေးစိတ်ကို ကျောင်း၏ ဝက်ဘ်ဆိုဒ် (သို့မဟုတ်) ကျောင်းဝင်ခွင့်လမ်းညွှန် စသည်တို့တွင် ရေးသားဖော်ပြထားပါသည်။ လျှောက်ထားရန် ဆန္ဒရှိသည့်ကျောင်းကို ဆုံးဖြတ်ပြီးပါက ကြိုတင်၍ ကျောင်းဝက်ဘ်ဆိုဒ် နှင့် ကျောင်းဝင်ခွင့်လမ်းညွှန်တွင် အတည်ပြုပါ။
JLPT, EJU ဆိုသည်မှာ???
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)ဆိုသည်မှာ မိခင်ဘာသာစကားက ဂျပန်ဘာသာစကားမဟုတ်သည့်သူများအတွက် ရည်ရွယ်ပြီး၊ ဂျပန်ဘာသာအရည်အချင်းကို တိုင်းတာပြီး၊ အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့်စာမေးပွဲဖြစ်ပါသည်။
ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(EJU)ဆိုသည်မှာ၊ ဂျပန်တက္ကသိုလ်စသည်တို့တွင် သင်ယူနိုင်ရန်အတွက် လိုအပ်သည့် ဂျပန်စာအရည်အချင်းနှင့် အခြေခံဗဟုသုတကို တိုင်းတာပေးသည့်စာမေးပွဲဖြစ်ပါသည်။
https://www.studyinjapan.go.jp/ja/planning/examination/
[STUD IN JAPAN- အခြေခံလမ်းညွှန်စာအုပ်] (Independent Administrative Institution-Japan
Student Services Organization) ကို အခြေခံကာ ထုတ်ဝေထားပါသည်။
FAQ (JASSO)