Laguage

Study in Japan Global Network Project in ASEAN

STUDY IN JAPAN

Steps

  • နိုင်ငံခြားသားပညာသင်ကျောင်းသားများသည် ဂျပန်နိုင်ငံ၏အဆင်မြင့်ပညာရေးအဖွဲ့အစည်းတွင် ကျောင်းတက်ရောက်ရန်အတွက် တရားဝင်ကျောင်းပညာရေး(၁၂)နှစ် ပြီးဆုံးထားရန်လိုအပ်ပါသည်။
  • မိမိနိုင်ငံ၌ ပြီးဆုံးထားသည့် ပညာသင်နှစ်(၁၂)နှစ်မပြည့်ပါက၊ တက္ကသိုလ်ပညာရေးကြိုတင်ပြင်ဆင်မှုသင်တန်းကို ၁နှစ် (သို့) ၂နှစ် တက်ရောက်ပြီး၊ တက္ကသိုလ်တွင် ပညာဆက်လက်ဆည်းပူးနိုင်ပါသည်။

တက္ကသိုလ်နဲ့ သက်မွေးပညာသင်ဥပစာကောလိပ်တွင် တရား၀င်ကျောင်းသားအနေဖြင့် တက်ရောက်မည်ဆိုပါက

  1. STEP1
    သတင်းအချက်အလက်စုဆောင်းခြင်း
    လိုအပ်သည့်ဘာသာစကားစွမ်းရည်၊ ကုန်ကျစရိတ်များကို စုံစမ်းစစ်ဆေးပါ။
  2. STEP2
    ကျောင်းရွေးချယ်ခြင်း
    ပညာသင်သွားရောက်ရန် ၁၂လ အလိုကျောင်းလမ်းညွှန်၊ ကျောင်း၀င်ခွင့်လျှောက်လွှာကို တောင်းယူပါ။စစ်ဆေးပါ။
    ကျောင်း၀င်ခွင့်အရည်အချင်း၊ စာမေးပွဲတို့ကို စစ်ဆေးပါ။
  3. STEP3
    စာမေးပွဲဖြေဆိုခြင်း
    လိုအပ်သောစာမေးပွဲကို ဖြေဆိုပါ။
    JLPT,EJU,TOEFL,IELTS,SAT,IB, etc.
  4. STEP4
    စာရွက်စာတမ်းတင်ခြင်း
    ပညာသင်သွားရောက်ရန် ၆လ - ၉လအလိုတက်ရောက်လိုသောကျောင်းသို့ လိုအပ်သောစာရွက်စာတမ်းကို ပို့ပါ။
    ာမေးပွဲကြေးကို ပေးချေပါ။
  5. STEP5
    ၀င်ခွင့်ဖြေဆိုခြင်း
    စာရွက်စာတမ်းစီစစ်ခြင်း၊အင်တာဗျူးနဲ့ ကျောင်း၀င်ခွင့်စာမေးပွဲကို ဖြေဆိုပါ။
  6. STEP6
    ကျောင်း၀င်ခွင့်လုပ်ငန်းစဉ် ဆောင်ရွက်ခြင်း
    ကျောင်း၀င်ခွင့်ခွင့်ပြုခြင်း စာလွှာကို လက်ခံရယူပါ။
    ကျောင်းလခကို ပေးချေပါ။
  7. STEP7
    ပြည်ပထွက်ခွာရန် ပြင်ဆင်ခြင်း
    ဗီဇာလျှောက်ထားခြင်း၊
    လေယာဉ်လက်မှတ်၊အာမခံအတွက် စီစဉ်ခြင်း။

Q & A

ဘွဲ့လွန်တက္ကသိုလ်ဝင်ခွင့် လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်ပြီး ပြောပြပါ။

ဝင်ခွင့်အရည်အချင်းစစ်ဆေးပြီး၊ သုတေသနအစီအစဉ်ရေးသားကာ၊ ကျောင်းသို့ လျှောက်ထားရမည့် စာရွက်စာတမ်းများစစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရပါမည်။ အခြေခံအားဖြင့် ပညာရေးအကြံပေးပုဂ္ဂိုလ်ကို မိမိကိုယ်တိုင်ရှာဖွေရန် လိုအပ်ပြီး၊ ကျောင်းလျှောက်ထားမည့်အချိန်မတိုင်ခင် ပညာရေးအကြံပေးပုဂ္ဂိုလ်ဆီမှ မိမိကိုလက်ခံကြောင်းသဘောတူညီချက်ကိုရယူရန် လိုအပ်သည့်ကျောင်းများလည်းရှိသဖြင့် ကြိုတင်ပြီး အတည်ပြုပါ။
https://www.studyinjapan.go.jp/ja/planning/know-schools/graduate-school/

ကျောင်းလျှောက်ထားချိန်ကာလနှင့် စာရွက်စာတမ်း၊ ဝင်ခွင့်အကြောင်းအရာများကို မည်သို့ရှာဖွေရမည်နည်း။

ကျောင်းလျှောက်ထားခြင်းနှင့် ကျောင်းဝင်ခွင့်စာမေးပွဲနှင့် စပ်လျဉ်း၍ အသေးစိတ်ကို ကျောင်း၏ ဝက်ဘ်ဆိုဒ် (သို့မဟုတ်) ကျောင်းဝင်ခွင့်လမ်းညွှန် စသည်တို့တွင် ရေးသားဖော်ပြထားပါသည်။ လျှောက်ထားရန် ဆန္ဒရှိသည့်ကျောင်းကို ဆုံးဖြတ်ပြီးပါက ကြိုတင်၍ ကျောင်းဝက်ဘ်ဆိုဒ် နှင့် ကျောင်းဝင်ခွင့်လမ်းညွှန်တွင် အတည်ပြုပါ။

JLPT, EJU ဆိုသည်မှာ???

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)ဆိုသည်မှာ မိခင်ဘာသာစကားက ဂျပန်ဘာသာစကားမဟုတ်သည့်သူများအတွက် ရည်ရွယ်ပြီး၊ ဂျပန်ဘာသာအရည်အချင်းကို တိုင်းတာပြီး၊ အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့်စာမေးပွဲဖြစ်ပါသည်။ ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(EJU)ဆိုသည်မှာ၊ ဂျပန်တက္ကသိုလ်စသည်တို့တွင် သင်ယူနိုင်ရန်အတွက် လိုအပ်သည့် ဂျပန်စာအရည်အချင်းနှင့် အခြေခံဗဟုသုတကို တိုင်းတာပေးသည့်စာမေးပွဲဖြစ်ပါသည်။
https://www.studyinjapan.go.jp/ja/planning/examination/

[STUD IN JAPAN- အခြေခံလမ်းညွှန်စာအုပ်] (Independent Administrative Institution-Japan Student Services Organization) ကို အခြေခံကာ ထုတ်ဝေထားပါသည်။

FAQ (JASSO)