ASEANနိုင်ငံမှကျောင်းသားများအတွက် အိုကာယာမတက္ကသိုလ်၊ စိုက်ပျိုးရေးဌာန၏ ပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်း (Preliminary Education in Oct. 2021 + Undergraduate Admission in April 2022)
ASEANနိုင်ငံမှကျောင်းသားများအတွက် အိုကာယာမတက္ကသိုလ်၊ စိုက်ပျိုးရေးဌာန၏ ပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်း (Preliminary Education in Oct. 2021 + Undergraduate Admission in April 2022) ။ (ဇီဝဗေဒဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ သဘာဝပတ်ဝန်းကျင်ဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် ယခုပရိုဂရမ်ကို တိုက်တွန်းလိုက်ပါသည်။) ✳️လျှောက်ထားနိုင်သည့်ကာလ ၂၀၂၁ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ မှ မေလ(၁၄)ရက်နေ့အထိ။ ✳️ ပေးအပ်မည့်ပညာသင်ဆု လစဉ် - ယန်း၁၁၇,၀၀၀ကို ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ ဂျပန်အစိုးရပညာသင်ဆုရကျောင်းသားအဖြစ်ရွေးချယ်ခံရသူသည် ကျောင်းဝင်ကြေးနှင့်ကျောင်းလခ အခမဲ့ဖြစ်ပါသည်။(အိုကာယာမတက္ကသိုလ်မှ ကျခံမည်ဖြစ်ပါသည်။) ✳️ပညာသင်ဆုပေးမည့်ကာလ စုစုပေါင်းပညာသင်နှစ် (လေးနှစ်ခွဲ) အတွက်အကျုံး၀င်သည်။ (Preliminary Education ၆လ + တက္ကသိုလ်ဘွဲ့ကြိုတန်း၄နှစ်) ✳️ လျှောက်ထားနိုင်သည့်အရည်အချင်းများ။ အောက်ပါအချက်များနှင့်ကိုက်ညီသူဖြစ်ရပါမည်။ (1) အောက်ပါအချက်များမှ တစ်ချက်နှင့်ကိုက်ညီသူဖြစ်ရပါမည်။ ① လျှောက်ထားသူများသည် ကျောင်းပညာရေး ၁၂ တန်း ကိုပြီးဆုံးထားရပါမည်။(ကျောင်းဝင်ချိန်တွင် အထက်ပါအရည်အချင်းနှင့်ကိုက်ညီသူသည်လည်း လျှောက်ထားနိုင်ပါသည်။) ② လျှောက်ထားသူများသည် ဂျပန်ရှိအထက်တန်းကျောင်းနှင့်ညီမျှသောကျောင်းကို ပြီးစီးထားရပါမည်။ ③ အထက်ဖော်ပြပါအရည်အချင်းများအပြင်ဂျပန်နိုင်ငံရှိတက္ကသိုလ်ဝင်ရောက်ရန် အရည်အချင်းပြည့်မီသူ ဖြစ်ရပါမည်။ (2) စည်းမျဉ်းအရ လျှောက်ထားသူသည် ၁၉၉၆ ခုနှစ်၊ ဧပြီလ၂ ရက်နေ့နောက်ပိုင်းတွင် မွေးဖွားသူ ဖြစ်ရပါမည်။ ✳️ ဘာသာစကားလိုအပ်ချက်များ လျှောက်ထားသူများသည် ဂျပန်ဘာသာစကားအရည်အချင်းအတွက် အောက်ဖော်ပြပါ လိုအပ်ချက်များအနက် တစ်ချက်ချက်ကိုပြည့်မီရပါမည်။ အောက်ဖော်ပြပါအင်္ဂလိပ်စာအရည်အချင်းရှိသည့် လျှောက်ထားသူများကိုလည်း အထူးကြိုဆိုသည်။ ဂျပန်ဘာသာစကား ①လျှောက်ထားသူသည် ဘွဲ့ကြိုပုံမှန်အတန်းစတင်ချိန်တွင်ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) အနည်းဆုံး N2 level ရှိရပါမည်။ (ဝင်ခွင့်အကြိုပညာရေးအတန်းအစတွင် ထိုအသိအမှတ်ပြုလက်မှတ်မရရှိသေးသည့်လျှောက်ထားသူများကိုလည်းလက်ခံပါသည်) ။ ②လျှောက်ထားသူသည်အမှတ်စဉ်①တွင် ဖော်ပြခဲ့သည့် ဂျပန်စာအရည်အချင်းနှင့်ညီတူ သို့မဟုတ် အထက်ရှိသည်ဟု သတ်မှတ်ခြင်းခံရသူဖြစ်ရပါမည်။ အင်္ဂလိပ်ဘာသာစကား ① လျှောက်ထားသူသည် Common European Framework of Reference for Languages (CEFR) B1 level နှင့်အထက်ရှိရပါမည်။ ②လျှောက်ထားသူများသည် အိုကာယာမတက္ကသိုလ်၏ဝင်ခွင့်အရည်အချင်းနှင့် ကိုက်ညီသည့်သင်ရိုးညွှန်းတမ်းကို အင်္ဂလိပ်ဘာသာဖြင့် အဓိကသင်ကြားပြီးစီးခဲ့သူဖြစ်ရပါမည်။ ③ လျှောက်ထားသူသည်အမှတ်စဉ်①တွင်ဖော်ပြခဲ့သည့် အင်္ဂလိပ်စာအရည်အချင်းနှင့်ညီတူ သို့မဟုတ် အထက်ရှိသည်ဟု သတ်မှတ်ခြင်းခံရသူဖြစ်ရပါမည်။ ဆက်သွယ်စုံစမ်းရန် အိုကာယာမတက္ကသိုလ်၊ စိုက်ပျိုးရေးဌာန၊ ညွှန်ကြားရေးနှင့်ကျောင်းသားရေးရာဌာန၊ စိုက်ပျိုးရေးဌာန၊ qgg8286@adm.okayama-u.ac.jp ကျေးဇူးပြု၍ဆက်သွယ်စုံစမ်းရာတွင် တတ်နိုင်သမျှ ဂျပန်စာကို အသုံးပြုပေးပါ။ TEL: +81-251-8286, 8287 (ဂျပန်ဘာသာစကားဖြင့်သာ) https://www.okayama-u.ac.jp/user/agr/news/news_id10064.html စိုက်ပျိုးရေးပညာဌာနအကြောင်း https://www.okayama-u.ac.jp/user/agr/eng/outline12.pdf ဗီဒီယိုမိတ်ဆက် http://www.okayama-u.ac.jp/user/agr/eng/about_faculty_of_agriculture/Introduction_Movie.html