Laguage

Study in Japan Global Network Project in ASEAN

ABOUT US

Outline

အိုကာယာမတက္ကသိုလ်သည် ၂၀၁၉ခုနှစ်မှစ၍ဂျပန်နိုင်ငံပညာရေး၊ ယဥ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ Study in Japan Global Network Project (ASEAN)ကိုလက်ခံပြီး၅နှစ်အတွင်း အရှေ့တောင်အာရှ‌မှပညာသင်ကျောင်းသားဦးရေကို ၁.၅ဆတိုးလာစေရန်ရည်မှန်းချက်ထားကာ လုပ်ငန်းများလုပ်ဆောင်လျက်ရှိပါသည်။
အိုကာယာမတက္ကသိုလ်သည်၂၀၁၄ခုနှစ်တွင်ဂျပန်နိုင်ငံပညာရေး၊ယဥ်ကျေးမှု၊အားကစား၊သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ “Coordinator for Study in Japan (Myanmar)” ပရောဂျက်ကိုတာဝန်ပေးအပ်ခြင်းခံရပြီး၅နှစ်အတွင်းမြန်မာနိုင်ငံမှပညာသင်ကျောင်းသားဦးရေကို၂ဆတိုးလာစေရန်ရည်မှန်းချက်ထားကာလုပ်ငန်းများလုပ်ဆောင်ခဲ့ပါသည်။၂၀၁၈ခုနှစ်မှစ၍ ပရောဂျက်အမည်ကိုStudy in Japan Global Network Project(ASEAN)အဖြစ် ပြောင်းကာအာဆီယံ၁၀နိုင်ငံကို အဓိကထားတိုးချဲ့ခဲ့ပါသည်။
၂၀၂၀ခုနှစ်ဇူလိုင်လလက်ရှိအချိန်တွင်မြန်မာနိုင်ငံရန်ကုန်မြို့နှင့်မန္တလေးမြို့၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ ၌ရုံးခန်းဖွင့်လှစ်ထားပြီး၊ ရုံးခန်း၃နေရာမှနေ၍ အရှေ့တောင်အာရှအဖွဲ့၀င်နိုင်ငံအသီးသီး၏ထူးချွန်သောပညာသင်ကျောင်းသားများ ရရှိရန်ရည်ရွယ်ပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
အိုကာယာမတက္ကသိုလ်သည်ယခုအချိန်အထိမြန်မာနိုင်ငံတွင်ရရှိခဲ့သောအတွေ့အကြုံ ၊ ထို့အပြင်
နိုင်ငံပိုင်တက္ကသိုလ်၆ကျောင်းနှင့်ပူးပေါင်းပါဝင်ကြသောအဖွဲ့အစည်းအသီးသီး၏အတွေ့အကြုံအကြံဥာဏ်များကိုအသုံးချပြီးအရှေ့တောင်အာရှအဖွဲ့၀င်နိုင်ငံအသီးသီးမှဂျပန်နိုင်ငံကိုပညာသင်သွားလိုသောကျောင်း သားများအတွက်ပိုမိုကောင်းမွန်သောအကူအညီ၊ အကြံဥာဏ်များ ပေးသွားမည်ဖြစ်ပါသည်။

ဖွဲ့စည်းထားသည့်စနစ်

Network

Study in Japan Regional Office in ASEAN

  • map1
  • map2
  • map3

ဂျပန်ပညာတော်သင်သွားခြင်း၏ ဆွဲဆောင်မှုကို အသိပေးရန်အတွက် ပွဲတော်များ၊ ဆယ်မီနာများ ကျင်းပခြင်း

ဂျပန်ပညာရေးပွဲတော် (မြန်မာ)Study in Japan Fair
ဂျပန်ပညာရေးပွဲတော်ကို မြန်မာနိုင်ငံတွင် ကျင်းပခြင်း
၂၀၁၉ခုနှစ်တွင် ပါဝင်တက်ရောက်သူ ဦးရေ ၂၀၀၀ကျော်

အလုပ်အကိုင်ရှာဖွေရေးပွဲတော်Job Fair
မြန်မာနိုင်ငံတွင် ဂျပန်ပညာရေးပွဲတော်နှင့် တစ်ပြိုင်နက်တည်း ကျင်းပခြင်း
၂၀၁၉ခုနှစ်တွင် ပါဝင်တက်ရောက်သူဦးရေ ၁၅၀၀ခန့်

Mini Study in Japan FairMini Study in Japan Fair
မြန်မာနိုင်ငံရှိအထက်တန်းကျောင်း၊ တက္ကသိုလ်၊ International School ၊ ဂျပန်ဘာသာစကားကျောင်းများ သို့ သွားရောက်ခြင်း။ ဂျပန်ပညာသင်သွားခြင်းဆိုင်ရာရှင်းလင်းမှုများ လုပ်ဆောင်ခြင်း။

Academic SeminarAcademic Semianr
ဂျပန်တက္ကသိုလ်၏ သုတေသနအကြောင်းမိတ်ဆက်ပေးသော ဟောပြောပွဲ၊ ဆရာ၊ ဆရာမများနှင့် တစ်ဦးချင်းဆွေးနွေးမှုများ လုပ်ဆောင်ခြင်း။

Japan SeminarJapan Seminar
ဂျပန်ဘာသာစကားလေ့လာသူများနှင့် ဂျပန်ယဉ်ကျေးမှုကို စိတ်ပါဝင်စားမှုမြင့်မားသည့် ကျောင်းသားများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်း။

ဂျပန်ပညာတော်သင်ဆိုင်ရာ သိသာထင်ရှားသော အချက်အလက်များ ဝေမျှပေးခြင်း။

icon1

Study in Japan Coordinator ၏ ပညာတော်သင်ဆွေးနွေးမှု လုပ်ဆောင်ခြင်း။

icon2

Facebook မှ ဂျပန်ပညာတော်သင်ဆိုင်ရာအချက်အလက်များ ဖြန့်ဝေခြင်း။

icon3

ပညာရေးအကြံပေးပုဂ္ဂိုလ်ရှာဖွေနည်းကို အကြံပေးခြင်း။

icon4

ဂျပန်တက္ကသိုလ်နှင့် ပညာရေးအဖွဲ့အစည်းဆိုင်ရာအချက်အလက်၊ ပညာသင်ဆုအချက်အလက်များစုစည်းခြင်းနှင့်မျှဝေပေးခြင်း။

icon5

ပြည်တွင်းပညာရေးစာစောင်များတွင် ဂျပန်ပညာတော်သင်ဆိုင်ရာသတင်းများ ထည့်သွင်းခြင်း။

icon6

မြန်မာဘာသာ၊ လာအိုဘာသာ၊ ကမ္ဘောဒီးယားဘာသာဖြင့် ဂျပန်ပညာတော်သင်လမ်းညွှန်စာအုပ်ဖြန့်ဝေခြင်း။