Laguage

Study in Japan Global Network Project in ASEAN

ABOUT US

Outline

အိုကာယာမတက္ကသိုလ်သည် ၁၀နှစ်တာ တာဝန်ယူဆောင်ရွက်လာခဲ့သော ဂျပန်နိုင်ငံ ပညာရေး၊ ယဥ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ “Study in Japan Coordinator Project (Myanmar)” (2014 - 2018) နှင့် “Study in Japan Global Network Project in ASEAN” (2019 - 2023) တို့၏ အောင်မြင်မှုရလဒ်များကြောင့် ၂၀၂၄ခုနှစ်မှစတင်ကာ “Global Network Project to Promote Study in Japan (ASEAN Regional Office)” ပရောဂျက်ကို တာဝန်ယူဆောင်ရွက်ရန် အပ်နှင်းခံရပါသည်။ Council for the Creation of Future Education၏ အဆိုပြုမှုဖြစ်သော J-MIRAI (Japan-Mobility and Internationalization: Re-engaging and Accelerating Initiative for future generations) တွင် ၂၀၃၃ခုနှစ်အထိ နိုင်ငံခြားကျောင်းသူကျောင်းသားဦးရေ(အထက်တန်းကျောင်းသူ ကျောင်းသားများမှအပ)၃၈၀,၀၀၀ ဦးကို လက်ခံရန်ဟူသော ရည်မှန်းချက်ကိုအခြေခံ၍ ၅နှစ်အတွင်း အာဆီယံ (ASEAN)အဖွဲ့၀င်နိုင်ငံများမှ ပညာသင်ကျောင်းသူကျောင်းသားဦးရေ ၂.၇ ဆ (၁၀၃,၈၆၁ ဦး) တိုးလာစေရန် ရည်မှန်းချက်ထားကာ လုပ်ငန်းများဆောင်ရွက်နေပါသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ လက်ရှိအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနှင့်  ဆူရာဘာယား၊ မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေး၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၊ လာအိုနိုင်ငံ ဗီယင်ကျန်း တို့တွင် ရုံးခန်းများ ဖွင့်လှစ်ထားပြီး အခြေစိုက်ရုံး၇ခုမှနေ၍ အာဆီယံ(ASEAN)အဖွဲ့၀င်နိုင်ငံအသီးသီး၏ ထူးချွန်သောပညာသင် ကျောင်းသူကျောင်းသားများရရှိစေရန်ရည်ရွယ်ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ယခုဘဏ္ဍာနှစ်အတွင်း မလေးရှားနိုင်ငံတွင်လည်း ရုံးခန်းဖွင့်လှစ်ကာ လုပ်ငန်းများပိုမိုတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အိုကာယာမတက္ကသိုလ်သည် ယခုအချိန်အထိ မြန်မာနိုင်ငံတွင်ရရှိခဲ့သောအတွေ့အကြုံများ၊ နိုင်ငံပိုင်တက္ကသိုလ်၆ ကျောင်း (SixERS)နှင့် ပူးပေါင်းပါဝင်ကြသောအဖွဲ့အစည်းအသီးသီး၏ အတွေ့အကြုံအကြံဥာဏ်များကိုအသုံးချ၍ အာဆီယံ(ASEAN)အဖွဲ့၀င်နိုင်ငံအသီးသီးမှ ဂျပန်နိုင်ငံသို့ပညာသင်သွားလိုသော ကျောင်းသူကျောင်းသားများအတွက် ပိုမိုကောင်းမွန်သောအကူအညီ၊ အကြံဥာဏ်များ ပေးသွားမည်ဖြစ်ပါသည်။

ဖွဲ့စည်းထားသည့်စနစ်

Network

Study in Japan Regional Office in ASEAN

1 2 3 4 5 6 7
OJEIC
  1. Yangon
  2. Mandalay
  3. Bangkok
  4. Phnom Penh
  5. Vientiane
  6. Surabaya
  7. Jakarta

Key Countries

Implement as an all-Japan effort

Okayama
University
SixERS
The Six National Universities
JASSO

ဂျပန်ပညာတော်သင်သွားခြင်း၏ ဆွဲဆောင်မှုကို အသိပေးရန်အတွက် ပွဲတော်များ၊ ဆယ်မီနာများ ကျင်းပခြင်း

ဂျပန်ပညာရေးပွဲတော် (မြန်မာ)Study in Japan Fair
ASEAN နိုင်ငံများအတွက် Study in Japan ပြပွဲနှင့်ဆွေးနွေးပွဲများ ကျင်းပခြင်း။

အလုပ်အကိုင်ရှာဖွေရေးပွဲတော်Job Fair
၂၀၂၃ ခုနှစ်အတွက် ကမ္ဘောဒီးယားရှိအလုပ်အကိုင် ပြပွဲများတွင် နှစ်ကြိမ်ပြသခဲ့ပါသည်။

Mini Study in Japan FairMini Study in Japan Fair
မြန်မာနိုင်ငံရှိအထက်တန်းကျောင်း၊ တက္ကသိုလ်၊ International School ၊ ဂျပန်ဘာသာစကားကျောင်းများ သို့ သွားရောက်ခြင်း။ ဂျပန်ပညာသင်သွားခြင်းဆိုင်ရာရှင်းလင်းမှုများ လုပ်ဆောင်ခြင်း။

Academic SeminarAcademic Semianr
ဂျပန်တက္ကသိုလ်၏ သုတေသနအကြောင်းမိတ်ဆက်ပေးသော ဟောပြောပွဲ၊ ဆရာ၊ ဆရာမများနှင့် တစ်ဦးချင်းဆွေးနွေးမှုများ လုပ်ဆောင်ခြင်း။

Japan SeminarJapan Seminar
ဂျပန်ဘာသာစကားလေ့လာသူများနှင့် ဂျပန်ယဉ်ကျေးမှုကို စိတ်ပါဝင်စားမှုမြင့်မားသည့် ကျောင်းသားများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်း။

ဂျပန်ပညာတော်သင်ဆိုင်ရာ သိသာထင်ရှားသော အချက်အလက်များ ဝေမျှပေးခြင်း။

icon1

Study in Japan Coordinator ၏ ပညာတော်သင်ဆွေးနွေးမှု လုပ်ဆောင်ခြင်း။

icon2

Facebook မှ ဂျပန်ပညာတော်သင်ဆိုင်ရာအချက်အလက်များ ဖြန့်ဝေခြင်း။

icon3

ပညာရေးအကြံပေးပုဂ္ဂိုလ်ရှာဖွေနည်းကို အကြံပေးခြင်း။

icon4

ဂျပန်တက္ကသိုလ်နှင့် ပညာရေးအဖွဲ့အစည်းဆိုင်ရာအချက်အလက်၊ ပညာသင်ဆုအချက်အလက်များစုစည်းခြင်းနှင့်မျှဝေပေးခြင်း။

icon5

ပြည်တွင်းပညာရေးစာစောင်များတွင် ဂျပန်ပညာတော်သင်ဆိုင်ရာသတင်းများ ထည့်သွင်းခြင်း။

icon6

မြန်မာဘာသာ၊ လာအိုဘာသာ၊ ကမ္ဘောဒီးယားဘာသာဖြင့် ဂျပန်ပညာတော်သင်လမ်းညွှန်စာအုပ်ဖြန့်ဝေခြင်း။