Laguage

Study in Japan Global Network Project in ASEAN

NEWS & EVENTS

NEWS

2021.03.17

ASEANနိုင်ငံမှကျောင်းသားများအတွက် အိုကာယာမတက္ကသိုလ်၊ စိုက်ပျိုးရေးဌာန၏ ပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်း (Preliminary Education in Oct. 2021 + Undergraduate Admission in April 2022)

ASEANနိုင်ငံမှကျောင်းသားများအတွက် အိုကာယာမတက္ကသိုလ်၊ စိုက်ပျိုးရေးဌာန၏ ပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်း (Preliminary Education in Oct. 2021 + Undergraduate Admission in April 2022) ။
(ဇီဝဗေဒဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ သဘာဝပတ်ဝန်းကျင်ဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် ယခုပရိုဂရမ်ကို တိုက်တွန်းလိုက်ပါသည်။)

✳️လျှောက်ထားနိုင်သည့်ကာလ
၂၀၂၁ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ မှ မေလ(၁၄)ရက်နေ့အထိ။

✳️ ပေးအပ်မည့်ပညာသင်ဆု
လစဉ် - ယန်း၁၁၇,၀၀၀ကို ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ ဂျပန်အစိုးရပညာသင်ဆုရကျောင်းသားအဖြစ်ရွေးချယ်ခံရသူသည် ကျောင်းဝင်ကြေးနှင့်ကျောင်းလခ အခမဲ့ဖြစ်ပါသည်။(အိုကာယာမတက္ကသိုလ်မှ ကျခံမည်ဖြစ်ပါသည်။)

✳️ပညာသင်ဆုပေးမည့်ကာလ
စုစုပေါင်းပညာသင်နှစ် (လေးနှစ်ခွဲ) အတွက်အကျုံး၀င်သည်။
(Preliminary Education ၆လ + တက္ကသိုလ်ဘွဲ့ကြိုတန်း၄နှစ်)

✳️ လျှောက်ထားနိုင်သည့်အရည်အချင်းများ။
အောက်ပါအချက်များနှင့်ကိုက်ညီသူဖြစ်ရပါမည်။
(1) အောက်ပါအချက်များမှ တစ်ချက်နှင့်ကိုက်ညီသူဖြစ်ရပါမည်။
① လျှောက်ထားသူများသည် ကျောင်းပညာရေး ၁၂ တန်း ကိုပြီးဆုံးထားရပါမည်။(ကျောင်းဝင်ချိန်တွင် အထက်ပါအရည်အချင်းနှင့်ကိုက်ညီသူသည်လည်း လျှောက်ထားနိုင်ပါသည်။)
② လျှောက်ထားသူများသည် ဂျပန်ရှိအထက်တန်းကျောင်းနှင့်ညီမျှသောကျောင်းကို ပြီးစီးထားရပါမည်။
③ အထက်ဖော်ပြပါအရည်အချင်းများအပြင်ဂျပန်နိုင်ငံရှိတက္ကသိုလ်ဝင်ရောက်ရန် အရည်အချင်းပြည့်မီသူ ဖြစ်ရပါမည်။
(2) စည်းမျဉ်းအရ လျှောက်ထားသူသည် ၁၉၉၆ ခုနှစ်၊ ဧပြီလ၂ ရက်နေ့နောက်ပိုင်းတွင် မွေးဖွားသူ ဖြစ်ရပါမည်။

✳️ ဘာသာစကားလိုအပ်ချက်များ
လျှောက်ထားသူများသည် ဂျပန်ဘာသာစကားအရည်အချင်းအတွက် အောက်ဖော်ပြပါ လိုအပ်ချက်များအနက် တစ်ချက်ချက်ကိုပြည့်မီရပါမည်။
အောက်ဖော်ပြပါအင်္ဂလိပ်စာအရည်အချင်းရှိသည့် လျှောက်ထားသူများကိုလည်း အထူးကြိုဆိုသည်။
ဂျပန်ဘာသာစကား
①လျှောက်ထားသူသည် ဘွဲ့ကြိုပုံမှန်အတန်းစတင်ချိန်တွင်ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) အနည်းဆုံး N2 level ရှိရပါမည်။ (ဝင်ခွင့်အကြိုပညာရေးအတန်းအစတွင် ထိုအသိအမှတ်ပြုလက်မှတ်မရရှိသေးသည့်လျှောက်ထားသူများကိုလည်းလက်ခံပါသည်) ။
②လျှောက်ထားသူသည်အမှတ်စဉ်①တွင် ဖော်ပြခဲ့သည့် ဂျပန်စာအရည်အချင်းနှင့်ညီတူ သို့မဟုတ် အထက်ရှိသည်ဟု သတ်မှတ်ခြင်းခံရသူဖြစ်ရပါမည်။
အင်္ဂလိပ်ဘာသာစကား
① လျှောက်ထားသူသည် Common European Framework of Reference for Languages (CEFR) B1 level နှင့်အထက်ရှိရပါမည်။
②လျှောက်ထားသူများသည် အိုကာယာမတက္ကသိုလ်၏ဝင်ခွင့်အရည်အချင်းနှင့် ကိုက်ညီသည့်သင်ရိုးညွှန်းတမ်းကို အင်္ဂလိပ်ဘာသာဖြင့် အဓိကသင်ကြားပြီးစီးခဲ့သူဖြစ်ရပါမည်။
③ လျှောက်ထားသူသည်အမှတ်စဉ်①တွင်ဖော်ပြခဲ့သည့် အင်္ဂလိပ်စာအရည်အချင်းနှင့်ညီတူ သို့မဟုတ် အထက်ရှိသည်ဟု သတ်မှတ်ခြင်းခံရသူဖြစ်ရပါမည်။

ဆက်သွယ်စုံစမ်းရန်
အိုကာယာမတက္ကသိုလ်၊ စိုက်ပျိုးရေးဌာန၊ ညွှန်ကြားရေးနှင့်ကျောင်းသားရေးရာဌာန၊ စိုက်ပျိုးရေးဌာန၊
qgg8286@adm.okayama-u.ac.jp
ကျေးဇူးပြု၍ဆက်သွယ်စုံစမ်းရာတွင် တတ်နိုင်သမျှ ဂျပန်စာကို အသုံးပြုပေးပါ။
TEL: +81-251-8286, 8287 (ဂျပန်ဘာသာစကားဖြင့်သာ)
https://www.okayama-u.ac.jp/user/agr/news/news_id10064.html  
စိုက်ပျိုးရေးပညာဌာနအကြောင်း
https://www.okayama-u.ac.jp/user/agr/eng/outline12.pdf
ဗီဒီယိုမိတ်ဆက်
http://www.okayama-u.ac.jp/user/agr/eng/about_faculty_of_agriculture/Introduction_Movie.html

 Calling For Okayama University (Faculty of Agriculture) Scholarship for the students from ASEAN Countries (Preliminary Education in Oct. 2021 and Undergraduate Admission in April 2022)  岡山大学農学部奨学金プログラム」(2021年10月予備教育、2022年4月正規入学)の募集 


BACK