Laguage

Study in Japan Global Network Project in ASEAN

CAREER

ဂျပန်နိုင်ငံတွင် နိုင်ငံသားခွဲခြားမှုမရှိဘဲ ထူးချွန်ထက်မြက်သည့် နိုင်ငံခြားပညာသင်ကျောင်းသားများအား အလုပ်ခန့်ထားမှု များပြားလာပြီး နိုင်ငံတကာဆိုင်ရာ ပေါင်းကူးတံတား အဖြစ် ဘက်ပေါင်းစုံသော အတွေးအခေါ်များနှင့် အဖွဲ့အစည်းကို သက်ဝင်လှုပ်ရှား စေလျက်ရှိပါသည်။ ဂျပန်နိုင်ငံတွင် အကြီးစားလုပ်ငန်းများသာမက အလယ်အလတ်နှင့် အသေးစားလုပ်ငန်းများတွင်လည်း ကမ္ဘာ့နံပါတ်(၁)နည်းပညာများနှင့် ထိပ်တန်းစျေးကွက်ရှယ်ယာများကို ပိုင်ဆိုင်ထားသည့် နာမည်ကြီးလုပ်ငန်းများ အမြောက်အများရှိပါသည်။ ဂျပန်နိုင်ငံတွင် အလုပ်ဝင်ခြင်းသည် အနာဂတ်အတွက် ဗဟုသုတနှင့် အတွေ့အကြုံများကို စုဆောင်းရန် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်ပါသည်။

ပညာသင်ခြင်းမှ အလုပ်လုပ်ခြင်းသို့။

နေထိုင်ခွင့်အမျိုးအစား (ကျောင်းသား) မှ အလုပ်လုပ်ခွင့်အမျိုးအစားသို့ ပြောင်းလဲခဲ့ကြသည့် လူဦးရေ


Austin

Interview

ဂျပန်ဘာသာစကားနှင့် ဂျပန်နိုင်ငံ၏လုပ်ငန်းခွင်ယဉ်ကျေးမှုကို လေ့လာဆည်းပူးပြီး ရှားပါးသည့်လူသားအရင်းအမြစ်အဖြစ်သို့!

ကျွန်တော်က ၂၀၁၂ခုနှစ်မှာ ဂျပန်သို့ရောက်ရှိခဲ့ပြီး၊ တက္ကသိုလ်ဝင်ခွင့်ပြင်ဆင်ခြင်းသင်တန်းမှတဆင့် တိုကျိုတက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီးနိုင်ငံရေးသိပ္ပံဘာသာရပ်ကိုသင်ယူခဲ့ပါတယ်။ ယခု Freelance အနေဖြင့် ပရိုဂရမ်ပိုင်းဆိုင်ရာအလုပ်ကို လုပ်ကိုင်လျက်ရှိပါတယ်။ သင်ယူတဲ့ ဘာသာရပ်ပေါ်မူတည်သော်လည်း ဂျပန်တက္ကသိုလ်တွေဟာ လွတ်လပ်ခွင့်မြင့်မားပြီး၊ အလုပ်သင်စတဲ့ ကျောင်းပြင်ပလှုပ်ရှားမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ခြင်းဟာ အားသာချက်ဖြစ်ပါတယ်။ အဲဒီအပြင် ဘွဲ့ရပြီးခါစ ကျောင်းသားများကို အလုပ်သင်တဲ့ စနစ်ရှိသောကြောင့် ဖွံဖြိုးပြီးနိုင်ငံများထဲမှာ ပထမဦးဆုံးအလုပ်အကိုင်ကို အဆင်ပြေစေတဲ့ နိုင်ငံတစ်ခုလို့ ပြောနိုင်ပါတယ်။ ဂျပန်မှာ အလုပ်လုပ်မယ်ဆိုရင်တော့ ဂျပန်နိုင်ငံသားများနှင့်အတူ ယှဉ်တွဲနိုင်ရုံမျှမက နိုင်ငံခြားသားတယောက်အနေနဲ့ မိမိအားသာချက်ကို ပြသဖို့ အရေးကြီးပါတယ်။ ဂျပန်မှာ ပညာသင်ခဲ့တဲ့၊ အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကနေ ရရှိခဲ့တဲ့ ဘာသာစကားစွမ်းရည်နှင့် တမူထူးခြားတဲ့ ယဉ်ကျေးမှုများကို နားလည်သဘောပေါက်ခြင်းဟာ ဘယ်အရာနဲ့မှ အစားမထိုးနိုင်တဲ့ အားသာချက်ဖြစ်ပါတယ်။ ကမ္ဘာနှင့်ရင်ဘောင်တန်းလာတဲ့ယနေ့ခေတ်မှာ ကမ္ဘာရဲ့ဘယ်နေရာမှာမဆို သက်ဝင်လှုပ်ရှားနိုင်တဲ့ လူသားအရင်းအမြစ်ဖြစ်ဖို့ ဂျပန်မှာ အလုပ် လုပ်ကိုင်ဖို့ အကြံပြုလိုပါတယ်။

အလုပ်အကိုင်ရှာဖွေရေးလှုပ်ရှားမှုများဆောင်ရွက်ရန်အတွက်

ဂျပန်နိုင်ငံ၏ အလုပ်အကိုင်ရှာဖွေရေးလှုပ်ရှားမှုများသည် တမူထူးခြားသည့်အတွက် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသည့် ပညာသင်ကျောင်းသားများအားလုံးသည် စောလျင်စွာ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။ အချိန်ဇယားများသည် လုပ်ငန်းအသီးသီးအပေါ်မူတည်၍ ကွဲပြားသည့်အတွက် အချက်အလက်များကို စိတ်အားထက်သန်စွာ ရှာဖွေစုဆောင်းကြရပါမည်။

အဓိကအချက်(၃)ချက်

ဂျပန်နိုင်ငံ၏အလုပ်အကိုင်ရှာဖွေခြင်း လုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်ခြင်း

ဂျပန်နိုင်ငံတွင်အလုပ်အကိုင်ရှာဖွေခြင်းသည် တစ်မူထူးခြားသည့်နည်းလမ်းများဖြင့် ဆောင်ရွက်ရသည့်အတွက် မိမိနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေခြင်းနှင့် မတူကွဲပြားသည်ကို ကြိုတင်သဘောပေါက် နားလည်ထားရန် လိုအပ်ပါသည်။

လုပ်ငန်းခွင်သုံး ဂျပန်ဘာသာစကားစွမ်းရည်ကို ဆည်းပူးလေ့လာခြင်း

ကုမ္ပဏီများက နိုင်ငံခြားပညာသင်ကျောင်းသားများထံမှ လိုလားသည်မှာ ဂျပန်ဘာသာစကားစွမ်းရည် ဖြစ်ပါသည်။ အထူးသဖြင့် အလုပ်ခန့်အပ်ရာတွင် အင်တာဗျူးကို အလေးထားတတ်သောကြောင့် အလုပ်အကိုင်ရှာဖွေရာတွင် အောင်မြင်ရန် နားထောင်ခြင်းစွမ်းရည်၊ စကားပြောစွမ်းရည်တို့ကို ပိုမိုကောင်းမွန်တိုးတက်အောင် လုပ်ထားရမည် ဖြစ်ပါသည်။ ထိုမျှမက နေ့စဥ်သုံးဂျပန်စကားနှင့် လုပ်ငန်းခွင်သုံး ဂျပန်စကားမှာ ကွဲပြားပါသည်။ အလုပ်အကိုင်ရှာဖွေရာတွင် လုပ်ငန်းခွင်သုံး ဂျပန်ဝေါဟာရများကိုလည်း ကြိုးစားသင်ယူထားရပါမည်။

နိုင်ငံခြားပညာသင်ကျောင်းသားများအား အလုပ်ခေါ်သည့် သတင်းအချက်အလက်များကို စုဆောင်းခြင်း

ကုမ္ပဏီအားလုံးက နိုင်ငံခြားပညာသင်ကျောင်းသားများအား အလုပ်ခန့်အပ်နေခြင်း မဟုတ်သကဲ့သို့ နိုင်ငံခြားပညာသင် ကျောင်းသားများအား စိတ်အားထက်သန်စွာ အလုပ်ခန့်အပ်သည့် ကုမ္ပဏီများလည်း သိပ်မများလှပါ။ မိမိကိုယ်တိုင် သတင်းအချက်အလက်များကို စိတ်အားထက်သန်စွာ စုဆောင်းရန် အရေးကြီးပါသည်။ နိုင်ငံခြားပညာသင် ကျောင်းသားများအတွက် ရည်ရွယ်သည့် ကုမ္ပဏီမိတ်ဆက်ပွဲများနှင့် အင်တာဗျူးများကို တက်ရောက်ဆင်နွှဲကြည့်ရပါမည်။ ထို့အပြင် တက္ကသိုလ်ရှိ အလုပ်အကိုင်ရှာဖွေရေးစင်တာနှင့် အလုပ်အကိုင်ဌာန၊ ကျောင်းပြင်ပရှိ ထောက်ပံ့ကူညီသည့်အဖွဲ့ အစည်း (နိုင်ငံခြားသား အလုပ်ခန့်အပ်ခြင်း ဝန်ဆောင်မှုဌာန) စသည်တို့ကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုရပါမည်။

သတင်းအချက်အလက်ရင်းမြစ်နှင့် စုဆောင်းသင့်သည့်အကြောင်းအရာများ

တက္ကသိုလ်ရှိ အလုပ်အကိုင်ရှာဖွေရေးစင်တာ

  • လုပ်ငန်းများ၏ အလုပ်ခန့်အပ်ခြင်းဆိုင်ရာ သတင်းအချက်အလက်
  • အလုပ်အကိုင်ရှာဖွေရေးနှင့်ပတ်သက်ပြီး တစ်ဦးချင်းဆွေးနွေးခြင်း
  • ဘွဲ့ရကျောင်းသားများစာရင်း
  • စီနီယာများ၏ အလုပ်ရှာဖွေရေးအတွေ့အကြုံဆွေးနွေးပွဲ

သတင်းစာနှင့်မီဒီယာများ

  • ယခုပညာသင်နှစ်၏ အလုပ်အကိုင်ရှာဖွေရေးလှုပ်ရှားမှုများ
  • ဂျပန်လူမှုအသိုင်းအ၀ိုင်း၏ ခေတ်ရေစီးကြောင်း (နိုင်ငံရေးနှင့် စီးပွားရေး)
  • ကမ္ဘာ့ရေးရာအဖြာဖြာ
  • အလုပ်ခေါ်သည့် သတင်းအချက်အလက်များ

စာအုပ်များနှင့် သတင်းအချက်အလက်စာစောင်များ

  • လုပ်ငန်းခွင်ရေစီးကြောင်း
  • အလုပ်၀င်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ခြင်း
  • အလုပ်ခေါ်သည့် ကုမ္ပဏီများ၏ သတင်းအချက်အလက်
  • ကုမ္ပဏီလုပ်ငန်းများ၏တစ်နှစ်၄ ကြိမ် ထုတ်သည့် အစီရင်ခံစာများ၊ လုပ်ငန်းမြေပုံများ

ဝက်ဘ်ဆိုဒ်နှင့် လူမှုကွန်ရက်၀န်ဆောင်မှုများ

  • လုပ်ငန်းများ၏ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များ
  • စာရွက်စာတမ်းတောင်းဆိုခြင်းနှင့် စာရင်းသွင်းခြင်း
  • ဆယ်မီနာများ တက်ရောက်ရန် လျှောက်လွှာတင်ခြင်း
  • သတင်းစကားများ၊ အလုပ်အကိုင်နှင့်ပတ်သက်သည့် တစ်နှစ် ၄ ကြိမ် ထုတ်သည့် အစီရင်ခံစာများ
  • ကုမ္ပဏီ၏ လတ်တလောသတင်းအချက်အလက်များ၊ ကုမ္ပဏီတွင်းအခြေအနေ

ပြည်သူပိုင်အဖွဲ့အစည်းများ

  • တက္ကသိုလ်များတွင် မရနိုင်သည့် အလုပ်ကြော်ငြာများ
  • အလုပ်သင်နှင့်ပတ်သက်သော သတင်းအချက်အလက်များ
  • နိုင်ငံခြားသားများအတွက် ရည်ရွယ်သည့် သတင်းအချက်အလက်များ
  • အလုပ်အကိုင်ရှာဖွေခြင်းနှင့်ပတ်သက်ပြီး တစ်ဦးချင်းဆွေးနွေးခြင်းများ

"STUDY IN JAPAN-အခြေခံလမ်းညွှန်-" နှင့် "နိုင်ငံခြားသားပညာတော်သင်ကျောင်းသားများအတွက် အလုပ်၀င်ရန်လမ်းညွှန် (JASSO)" တို့ကိုအခြေခံကာ ပြုစုထားခြင်းဖြစ်ပါသည်။