Laguage

Study in Japan Global Network Project in ASEAN

EXPERIENCE IN JAPAN

Student Voice

Vi

Nationality

Myanmar

University/Institution Name

Ritsumeikan Asia Pacific University

Department/Faculty

Asia Pacific Studies (APS)

Period of study abroad

Mar 2019 - Feb 2023

What did you do before studying in Japan?

University student

Why did you chose to study in Japan?

Japan is one of the top locations for high quality education and living standards. Moreover, Japanese traditions and culture always impress me, and I have always wanted to learn them. Therefore, I chose Japan as a place to continue my education and future.

ဂျပန်နိုင်ငံဆိုတာကမ္ဘာမှာမြင့်မားတဲ့လူနေမှုအဆင့်အတန်းနဲ့ပညာရေးအခွင့်အလမ်းတွေနဲ့ပြည့်နေတဲ့နိုင်ငံတစ်ခုပါ။ပြီးတော့ကျွန်မကအရင်ကတည်းကဂျပန်ရဲ့ယဉ်ကျေးမှုနဲ့ဓလေ့တွေကိုသဘောကျပြီးအမြဲလေ့လာချင်ခဲ့ပါတယ်။ဒီအချက်တွေကြောင့်ကျွန်မရဲ့ပညာရေးနဲ့အနာဂတ်အတွက်ဂျပန်နိုင်ငံမှာပညာသင်ဖို့ရွေးချယ်ခဲ့ပါတယ်။

How did you prepare for studying in Japan?

Before I came to Japan, I was studying at Yangon University of Economics (Hlaing). During my first year, I saw a post on social media about a Japanese University information seminar and I was interested. The seminar I attended was held by SR Worldwide Education Myanmar. The information given at that seminar inspired me a lot, so I started working on the application procedure by collecting all the documents and papers needed for the application. SR Education helped me along the application process. Then I prepare for the scholarship essays. After all the documents and essays are submitted, the university checked the papers and provided a schedule for video-call interview. With all my best and effort both in the interview and the application, I passed the application and received scholarship to study at Ritsumeikan Asia Pacific University (APU).

ကျွန်မကဂျပန်ကိုကျောင်းတက်ဖို့မလာခင်တုန်းကရန်ကုန်စီးပွါးရေးတက္ကသိုလ်လှိုင်နယ်မြေမှာပထမနှစ်တက်ခဲ့ပါတယ်။ပထမနှစ်တက်နေတုန်းမှာဂျပန်တက္ကသိုလ်အကြောင်းဆွေးနွေးပွဲတစ်ခုကျင်းပမဲ့အကြောင်းကို social media ကနေတွေ့ပြီးတော့စိတ်ဝင်စားတာနဲ့သွားလေ့လာခဲ့ပါတယ်။ SR Worldwide Education Myanmar ကနေကျင်းပတဲ့ဂျပန်တက္ကသိုလ်အကြောင်းဆွေးနွေးပွဲက နေစပြီး Ritsumeikan Asia Pacific University ကိုကျောင်းဝင်ခွင့်လျှောက်ဖို့စပြင်ဆင်ပါတယ်။ ကျောင်းဝင်ခွင့်လျှောက်တဲ့တစ်လျှောက်လုံး SR Worldwide ကနေကူညီပေးခဲ့တာပါ။ ပထမဦးဆုံးကျောင်းဝင်ခွင့်နဲ့ scholarship essays တွေအရင်ဆုံးရေးပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေစုပြီးတဲ့အခါမှာ application တင်ပြီးတော့ကျောင်းဖက်ကနေ results စောင့်ရပါတယ်။ application အောင်သွားရင်တော့ video-call interview ဖြေရပြီးတော့ တစ်ပတ်လောက်နေရင် ဝင်ခွင့်ရမရနဲ့ scholarship results ပါကြေညာပါတယ်။ ကျွန်မကinterview နဲ့ကျောင်းလျှောက်တာကိုအားထည့်ကြိုးစားပြီးအကောင်းဆုံးဖြေခဲ့တဲ့အတွက်APUကျောင်းဝင်ခွင့်ရော scholarship ပါရခဲ့ပါတယ်။

How is your student life in Japan?

I have never been to Japan before I came here to study, therefore, it was an entirely new place for me. However, I did not have many difficulties during my first year since the student organizations and RAs at the university dorm helped and guided to the first-year freshers with all the things we need to know while living in Japan. Our university provides intensive and progressive Japanese Language classes that can improve Japanese proficiency in a short time. At our university, APU, almost half of the students are from International, the other half, from domestic. This gives a multicultural experience and understanding in both studying, making friends and social life. With the help of Japanese classes from university, it was not hard to find a part-time job for me. I worked as an assistance in kitchen of a Japanese restaurant during the summer holidays. I had a great experience and challenges while working as a part-timer. APU is in Beppu which is a small town in Kyushu, full of natural hot springs. There are many tourist-attraction places to visit with friends during holidays in Beppu.
It is not easy moving to another country far from family and home to study. I had to face many challenges and problems but somehow, I could overcome them all. The important thing is to believe in yourself and be responsible. This can overcome all the difficulties give strength to face the problems in life as for me.

ဂျပန်ကိုကျောင်းတက်ဖို့လာတဲ့အချိန်ကကျွန်မပထမဆုံးအကြိမ်ဂျပန်ကိုရောက်ဖူးတာပါ။ ပထမနှစ်မှာကျောင်းက student organization တွေနဲ့ အဆောင်က RAs senior တွေကသေချာဂရုစိုက်ပေးပြီးကူညီပေးတဲ့အတွက်အခက်အခဲကြီးကြီးမားမားမရှိခဲ့ပါဘူး။ ဘာသာစကားအနေနဲ့ကျောင်းကပထမနှစ်မှာဂျပန်စာကိုဖိပြီးသင်ပေးတဲ့အတန်းတေတွရှိတဲ့အတွက်အချိန်တိုအတွင်းမှာဂျပန်စကားပြောတတ်သုံးတက်လာစေပါတယ်။ APU ကကျောင်းသားတစ်ဝက်က international တစ်ဝက်ကJapanese ဖြစ်တဲ့အတွက် multicultural environment ဖြစ်ပြီးတော့စာလေ့လာရတာတွေ၊ အသိမိတ်ဆွေသူငယ်ချင်းတွေ၊ပတ်ဝန်းကျင်တွေက မတူညီတဲ့ culture ကနေဖြစ်တဲ့အတွက်အသိပညာအတွေ့အကြုံတွေအသစ်တွေအမျိုးမျိုးရပါတယ်။ကျွန်မကပထမနှစ်နွေရာသီကျောင်းပိတ်ရက်မှာဂျပန်စားသောက်ဆိုင်မှာမီးဖိုချောင်အကူအနေနဲ့အချိန်ပိုင်းအလုပ်လုပ်ဖြစ်ခဲ့ပါတယ်။ ကျောင်းကဂျပန်စာအတန်းတွေကြောင့်ဂျပန်စကားကိုသုံးတတ်လာတဲ့အတွက်အချိန်ပိုင်းအလုပ်ရှာတဲ့နေရာမှာအခက်အခဲသိပ်မရှိခဲ့ပါဘူး။အလုပ်ခွင်မှာတော့အတွေ့အကြုံအသစ်တွေရပြီးတော့အခက်အခဲတွေလည်းတွေ့ခဲ့ရပါတယ်။ APUကျောင်းကဂျပန်Kyushuကျွန်းကBeppu ဆိုတဲ့မြိုလေးမှာရှိပါတယ်။ ဒီမြို့လေးကသဘာဝရေပူစမ်းတွေအများကြီးရှိပြီးတော့အားလပ်ရက်တွေမှာမိတ်ဆွေတွေနဲ့လည်ပတ်စရာနေရာတွေများပါတယ်။
ကိုယ့်မိဘအိမ်ရဲ့အဝေးကိုလာပြီးတော့တခြားနေရာမှာကျောင်းလာတက်ရတယ်ဆိုတာတကယ်တော့လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။အခက်အခဲတွေပြသာနာတွေရင်ဆိုင်ကြုံတွေ့ရပါတယ်။ဘယ်လိုပဲအခက်အခဲတွေ့တွေ့တာဝန်သိတတ်စိတ်နဲ့မိမိကိုယ်ကိုယ်ယုံကြည်မှုကအခက်အခဲအားလုံးကိုကျော်ဖြတ်နိုင်တဲ့သတ္တိပေးလာနိုင်မှာပါ။

Any message and/or advice to those who wish to study in Japan?

My advice for those who wish to study in Japan is “do not afraid to take risks as great opportunities come from risks”.

ဂျပန်မှာကျောင်းတက်ဖို့စိတ်ဝင်စားတဲ့သူတွေကိုအကြံပေးချင်တာကတော့အသစ်အသစ်တွေကိုစွန့်စားဖို့မကြောက်ပါနဲ့။ အခွင့်အလမ်းကောင်းတွေဆိုတာစွန့်စားပြီးရလာတတ်တဲ့အရာတွေဖြစ်လိုပါ။

BACK