Laguage

Study in Japan Global Network Project in ASEAN

EXPERIENCE IN JAPAN

Student Voice

Cho

Nationality

Myanmar

University/Institution Name

University of Miyazaki

Department/Faculty

Graduate School of Engineering

Period of study abroad

Oct 2020 - Sep 2022

What did you do before studying in Japan?

Assistant Researcher

Why did you chose to study in Japan?

When I finished Bachelor course in Myanmar, I had a great chance to work as an assistant researcher in University of Miyazaki and I participated in smart dairy farming projects using ICT based technology. During assistant research work, I was increasing interest in computer vision and machine learning technologies, and I would like to learn advanced AI technology and apply that knowledge to developing human benefit systems. As Japan is being one of the most highly developed and technology advanced nations and most universities have joint research projects with government and private companies, I would like to get great experiences from those real-world projects. And Japan is well known for its relative safety with low crime levels and high service levels. Throughout my life in Japan, it is very convenient to stay, and Japanese people are also very helpful. Therefore, I chose to study in Japan

မြန်မာက တက္ကသိုလ်မှာ Bechalor degree ပြီးတဲ့ အချိန်မှာပဲ, ဂျပန်နိုင်ငံ မီယာဇာကိ တက္ကသိုလ်မှာ assistant researcher အနေ နဲ့ ICT နည်းပညာတွေ သုံးပြီးတော့ နွားမွေးမြူရေး လုပ်ငန်းစဥ်တွေ ပိုမို အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်တဲ့ Smart Farming Projects တွေမှာ ပါဝင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။ သုတေသန လုပ်နေစဥ် အတွင်းမှာပဲ computer vision နဲ့ machine learning နည်းပညာတွေပိုပြီး စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါကြောင့် မီယာဇာကီ တက္ကသိုယ် မှာပဲ ဘွဲ့လွန် အတန်း ဆက်တက် ပြီး advanced နည်းပညာတွေ ဆက်လေ့လာမယ်လို့ ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ အပြင် ဂျပန် နိုင်ငံက ဖွံ့ဖြိုး ပြီးနိုင်ငံ ဖြစ်ပြီးတော့ နောကျဆုံးပေါျ နည်းပညာတွေ တီထွင် အသုံးပြု နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ တက္ကသိုလ် တွေမှာလည်း အစိုးရ အဖွဲ့အစည်းတွေ ပြင်ပ ကုမ္ပဏီ တွေ နဲ့ ချိတ်ဆက်လုပ်ကိုင် နေတဲ့ projects များစွာလည်း ရှိပါတယ်။ ဒီ project တွေမှာ ပါဝင်လုပ်ကိုင်ရင်း အတွေ့ အကြုံကောင်းတွေ ရလာမယ်လို့ လည်း ယုံကြည်ပါတယ်။ ဂျပန်နိုင်ငံဟာ လုံခြုံစိတ်ချရမှု ရှိတဲ့ နိုင်အနေ နဲ့လည်း ထင်ရှားပါတယ်။ ဂျပန်မှာ သွားလာနေထိုင်ရတာလည်း အရမ်းအဆင်ပြေပြီး ဂျပန်လူမျိုးတွေကလည်း အရမ်း ကူညီကြပါတယ်။ ဒီ အချက်တွေကြောင့် ဂျပန်မှာ ဘွဲ့လွန် ဆက်တက်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

How did you prepare for studying in Japan?

I knew much information about universities in Japan from seminars about Doouble Degree Program (DDP) program, Sakura science program. While I worked in university of Miyazaki, I discussed with professor in my research lab to continue master course in this university. So, my professor explained about more detailed information about enrollment process, scholarships. And I also got information from other Myanmar students currently studying in this university.

မြန်မာပြည်က တက္ကသိုလ်မှာ ပြုလုပ်တဲ့ Double Degree Program (DDP) နဲ့ Sakura Science Program တွေနဲ့ ပတ်သက်တဲ့ seminar တွေ ကနေ တဆင့် ဂျပန်နိုင်ငံက တက္ကသိုလ် တွေ အကြောင်း သိခဲ့ရပါတယ်။ assistant researcher အနေနဲ့ အလုပ် လုပ် နေတဲ့ အချိန် မှာပဲ လက်ရှိ အလုပ်ကိုရပ်ပြီး ဘွဲ့လွန် ဆက်တက်ဖို့ supervisor နဲ့ ဆွေးနွေးခဲ့ပါတယ်။ supervisor ကနေ တဆင့် ကျောင်းဝင်ခွင့် လုပ်ငန်းစဥ်တွေ scholarshipတွေ အကြောင်း အသေးစိတ် သိရှိခဲ့ပါတယ်။ လက်ရှိကျောင်းတက်နေတဲ့ မြန်မာ ကျောင်းသားတွေကနေလည်း ကျောင်းသား ဘဝ အကြောင်းတွေ ကျောင်းရဲ့ information တွေ သိရှိခဲ့ပါတယ်။

How is your student life in Japan?

I am studying Master degree in Graduate School of Engineering in University of Miyazaki. My research is cattle monitoring system using AI technology. All requirements about data and equipment are supported by Lab. We had research discussions on very month according to the Lab’s seminar schedule with supervisor and other lab members. I took some subjects to fulfill required credits for Master degree. All professors are kind and well explained about their subjects. And all professors use English language for subjects in Master course. University also support internet and required terminals for online learning when we cannot attend the classes face to face because of Covid-19. This university also offer free Japanese classes for international students. It is very great chance for us to learn Japanese language in student life. Japanese language teachers are also very kind and teach not only about language but also Japanese culture, business manners and other interesting content about Japan. University supports tutors, who are currently studying Japanese students for international students to help in enrollment process, scholarship application process and other daily life problems. As I am staying in university dormitory, I must communicate with Japanese students and participate in dormitory’s cleaning duties. Although I am not good at in Japanese language, Japanese students are very patient and try their best to communicate with us and to understand our weak Japanese speaking. Sometimes, we do research work at late night in the Lab. But it is not big problem because the environment is safe. And Miyazaki is very beautiful city with mountain and sea. When we tired with our study, we can go sightseeing and enjoy the beautiful sceneries.

ယခု လက်ရှိမှာတော့ ဂျပန်နိုင်ငံ မီယာဇာကီ တက္ကသိုလ် မှာ Engineering major ကျောင်းသူ အနေ နဲ့ တက်ရောက်နေတာ ဖြစ်ပါတယ်။ ဘွဲ့လွန်အတွက် ပြုလုပ်နေတဲ့ သုတေသန ကတော့ AI နည်းပညာတွေ အသုံးပြုထားတဲ့ Cattle Monitoring System ဖြစ်ပါတယ်။ အခုတက်ရောက်နေတဲ့ သုတေသန ဌာန က ပဲ လိုအပ်တဲ့ data နဲ့ equipment တွေ ထောက်ပံ့ပေးပါတယ်။ လစဥ် ဌာန ရဲ့ seminar အချိန် ဇယား အတိုင်း supervisor တွေ ကျောင်းသားတွေနဲ့ အတူ research progress တွေကို discussion လုပ်ရပါတယ်။ ဘွဲ့လွန် သင်တန်း အတွက် လိုအပ်တဲ့ credit ပြည့်မှီ ဖို့ အတွက် သုတေသန လုပ်တာ အပြင် ဘာသာရပ် သင်တန်းတွေလည်း တက်ရောက်ရပါတယ်။ တက္ကသိုလ်က ဆရာတွေက သဘောကောင်းပြီး စာအသင်အပြ လည်း ကောင်းလို့ စာသင်ရတာ အခက်အခဲ မရှိပဲ အဆင်ပြေပါတယ်။ ဘွဲ့လွန် အတန်း အတွက် ဘာသာရပ် အကုန်လုံးကို English ဘာသာ နဲ့ သင်ပြကြတာ ဖြစ်ပါတယ်။ တက္ကသိုလ်ကနေ စီစဥ်ပေးထားတဲ့ online learning system ကလည်း Covid ကာလ သင်ကြားရေး အတွက် အရမ်း အဆင်ပြေစေပါတယ်။ ဂျပန်သင်တန်းတွေလည်း စီစဥ်ပေးထားတာ ဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ level အလိုက် ဂျပန်စာလေ့လာဖို့ လွယ်ကူ အဆင်ပြေစေပါတယ်။ ဂျပန်စာ သင်တန်းတွေ မှာ စာ အပြင် ပြင်ပ ဗဟုသုတ တွေ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု တွေ လုပ်ငန်းခွင် အသုံးအနှုန်းတွေပါ သင်ပြပေးတာဖြစ်ပါတယ်။ ဒီ တက္ကသိုလ်မှာ ကျောင်းလာတက်မယ့် နိုင်ငံခြားကျောင်းသားတွေ အတွက် tutor system ရှိပါတယ်။ ဒီ system မှာ လက်ရှိပညာသင်ကြားနေတဲ့ ကျောင်းသားတွေကို international ကျောင်းသားတွေ အတွက် လိုအပ်တဲ့ လုပ်ငန်းစဥ်တွေ အခက်အခဲ တွေမှာ ကူညီပေးဖို့ ကျောင်းက ငှားပေးထားတာ ဖြစ်ပါတယ်။ နေစရာ အတွက်က တော့ ကျောင်းက အဆောင်မှာ နေတာ ဖြစ်တဲ့ အတွက် ကျောင်းနဲ့နီးပြီး စျေးနှုန်းလည်း သင့်တင့်ပြီး အတော်လေး အဆင်ပြေပါတယ်။ ကျောင်းဆောင်မှာက ဂျပန်ကျောင်းသားတွေနဲ့ international ကျောင်းသားတွေကို ရောထားတာ ဖြစ်တဲ့ အတွက် ဂျပန်လူမျိုးတွေနဲ့ ပိုပြီး ထိတွေ့ခွင့် ရပါတယ်။ ဂျပန်ကျောင်းသားတွေနဲ့ အတူတူ အပတ်စဥ် အဆောင်သန့်ရှင်းရေး လည်း အတူတူ လုပ်ရပါတယ်။ ဂျပန်စကားကောင်းကောင်း မပြောတတ်ပေမယ့် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို သေချာ နားထောင်ပေးပြီး စကားအသုံးအနှုန်း မှား ရင်လည်း ရှင်းပြ ပေးကြပါတယ်။ တခါတလေ ညဘက် နောက်ကျ တဲ့ အထိ research လုပ်ရတဲ့ အချိန်မျိုးလည်း ရှိပေမယ့် ပတ်ဝန်းကျင်က လုံခြုံမှု ရှိတာကြောင့် အခက်အခဲတော့ မရှိပဲ အဆင်ပြေပါတယ်။ မီယာဇာကီ မြို့က တောတောင်တွေ နဲ့ ပင်လယ် နားနီးတဲ့ မြို့ဖြစ်လို့ အရမ်းလှပ ပါတယ်။ သုတေသန လုပ်ရင်း ပင်ပန်းလာတဲ့ အချိန်တွေမှာ ရှုခင်းလှလှ လေးတွေနဲ့ အပန်းဖြေလို့လည်း ရပါတယ်။

Any message and/or advice to those who wish to study in Japan?

There are many opportunities to study in Japan and government and private foundations offer many scholarships. You can find the information from the person currently studying in Japan and social media. Many webpages and Facebook pages are also announcing the chances and information. So, don’t hesitate to catch the chance to study in Japan. In addition, learning Japanese before coming to Japan is better. You can make more Japanese friends and more enjoy with Japanese society.

ဂျပန်မှာကျောင်းလာတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပြီး အစိုးရ နဲ့ ပြင်ပ အဖွဲ့ အစည်းတွေ ကနေ scholarship တွေ အများကြီးပေးနေတာ တွေရှိပါတယ်။ ဒီ information တွေကို social media တွေ လက်ရှိဂျပန်မှာ ကျောင်းတက်နေတဲ့ လူတွေ ကနေ information sharing လုပ်ပေးနေတာတွေ လည်း အများကြီး ရှိပါတယ်။ ကိုယ့်ဘက်က လိုအပ်တဲ့ အရည်အချင်းတွေ ပြင်ဆင်ပြီး အခွင့်အရေး ရလာရင် လက်မလွတ်ဖို့ အကြံပေးချင်ပါတယ်။ ဂျပန်လူမျိုးတွေနဲ့ ကောင်းကောင်းဆက်သွယ်ပြီး ဂျပန် လူမှုပတ်ဝန်းကျင်မှာ ပို အဆင်ပြေပြေ နေနိုင်ဖို့ မလာခင် ဂျပန်စာ သင်ထားတာ ပိုကောင်းတယ်လို့ အကြံပေးချင်ပါတယ်။

BACK