Laguage

Study in Japan Global Network Project in ASEAN

EXPERIENCE IN JAPAN

Student Voice

Wyo

Nationality

Myanmar

University/Institution Name

Osaka University

Department/Faculty

Department/Faculty Graduate School of Language and Culture (Japanese Language and Culture)

Period of study abroad

2019 - 2024

What did you do before studying in Japan?

**

Why did you chose to study in Japan?

Japan is a beautiful country and also has a good education system. There are many universities that occupy the top ranks in the world university rankings. The reason I choose to study in Japan is for my specialization subject. The course I want to study is Japanese language and I choose to study in Japan .

ဂျပန်နိုင်ငံကလှပပြီးပညာရေးစနစ်ကောင်းမွန်တဲ့နိုင်ငံဖြစ်ပါတယ်။ထိပ်တန်းနာမည်ကြီးတက္ကသိုလ်တွေလည်းအများကြီးရှိပါတယ်။ ဂျပန်ကိုပညာသင်ဖို့ရွေးချယ်ရတဲ့အကြောင်းကတော့မိမိရဲ့ အထူးပြုဘာသာရပ်ကြောင့်ဖြစ်ပါတယ်။ဂျပန်ဘာသာစကားကိုပိုပြီးလေ့လာချင်တာကြောင့်ဂျပန်ကိုပညာသင်လာဖို့ရွေးချယ်ခဲ့ပါတယ်။

How did you prepare for studying in Japan?

I got to know Osaka University through IUCHI scholarship organization and OJEIC. I contacted the professor who supervised me, and interacted with email and discussed about the research plan, and received a lot of advice. And then I prepared for entrance exam. For me ,my specialization is Japanese Language so all of the interviews are taken in Japanese .Depending on the university and field of expertise, it is also required to prepare for language proficiency such as English (TOEIC ,IELTS)and Japanese ( JLPT ,EJU) etc. For graduate course it is also important to find a professor who will accept the student before to enter university.

အိုဆာကာတက္ကသိုလ်ကိုOJEICနဲ့အိအုချိစကောလားရှစ်ဖောင်ဒေး ရှင်းတို့မှတဆင့်သိရှိပြီးလျောက်ထားခဲ့တာဖြစ်ပါတယ်။ပထမဦးစွာသုတေသနကိုကြီးကြပ်ပေးမဲ့ပါမောက္ခဆရာနဲ့ဆက်သွယ်ပြီးဆွေးနွေးခဲ့ပါတယ်။ဆရာဆီမှအကြံအဉာဏ်များလည်းရရှိခဲ့ပြီးနောက်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုပြင်ဆင်ခဲ့ရပါတယ်။ကျွန်မရဲ့အထူးပြုဘာ သာရပ်မှာဂျပန်ဘာသာစကားဖြစ်သည့်အတွက်အင်တာဗျူးအစရှိ သည်တို့ကိုဂျပန်ဘာသာဖြင့်ဖြေဆိုခဲ့ရပါတယ်။တက္ကသိုလ်နှင့်အထူး ပြုဘာသာရပ်ကိုလိုက်ပြီးဘာသာစကားအရည်အချင်းအသိအမှတ်ပြု လက်မှတ်များIELTS,TOEIC,JLPT,EJUအစရှိသည်တို့ကိုလိုအပ်ချက်ပေါ်မူတည်ပြီးပြင်ဆင်ထားရပါတယ်။ဘွဲ့လွန်တန်းအတွက် ကတော့ကျောင်းဝင်ခွင့်မရခင်မိမိရဲ့သုတေသနကိုကြီးကြပ်ပေးမယ့် ဆရာရှာတွေ့ထားဖို့လိုအပ်ပါတယ်။

How is your student life in Japan?

My field of study is about Japanese linguistics and it is the scientific study of Japanese language and its structure (grammar, syntax, phonetics, etc.) The classes are offered in English and Japanese according to subject. However all the classes I chose were offered in Japanese for my study.
Osaka University has many international students as well as Japanese students, so I can learn not only Japanese culture but also other countries' culture and have a lot of knowledge. The university has three campuses, and my campus has language and society (Japanese and foreign language) subjects in particular. There is also a Myanmar language department, and I sometimes go out to play and help the class. I like to take pictures and on holidays I go around Osaka to take pictures. There are many beautiful places to visit in Japan.

ကျွန်မရဲ့သုတေသနနယ်ပယ်ကတော့ဂျပန်ဘာသာဗေဒဖြစ်ပါတယ်။ဂျပန်ဘာသာရဲ့ဖွဲ့စည်းပုံနည်းစနစ်များကိုလေ့လာတဲ့ဘာသာဖြစ်ပါတယ်။အိုဆာကာတက္ကသိုလ်မှာတော့ဘာသာရပ်ပေါ်မူတည်ပြီးအင်္ဂလိပ်လိုပို့ချတဲ့ဆရာတွေလည်းရှိသလို့ဂျပန်လိုပို့ချတဲ့ဆရာတွေလည်းရှိပါတယ်။ကျွန်မကတော့ဂျပန်လို့ပို့ချတဲ့အတန်းတွေကိုတက်ဖြစ်ပါတယ်။အိုဆာကာတက္ကသိုလ်မှာဂျပန်လူမျိုးကျောင်းသားကျောင်းသူတွေရောနိုင်ငံခြားသားကျောင်းသားကျောင်းသူတွေပါရှိပါတယ်။
ဒါကြောင့်ဂျပန်ယဥ်ကျေးမှုသာမကအခြားနိုင်ငံတကာယဥ်ကျေးမှုတွေကိုပါတွေ့မြင်နိုင်လို့ဗဟုသုတရရှိပါတယ်။တက္ကသိုလ်နယ်မြေကသုံးခုရှိပြီးကျွန်မတက်နေတဲ့Campusကတော့နိုင်ငံခြားဘာသာ စကားဌာနတွေစုဝေးရာဖြစ်ပါတယ်။မြန်မာဘာသာစကားဌာနလည်းရှိပြီးတခါတရံသွားရောက်ပြီးမြန်မာစာသင်ကြားမှုအတန်းများကိုကူညီပေးပါတယ်။အားလပ်ရက်တွေမှာအိုဆာကာအနီးအနားကနေရာတွေကိုသွားပြီးဓာတ်ပုံရိုက်ရတာကြိုက်ပါတယ်။ဂျပန်မှာ သွားရောက်လည်ပတ်ဖို့လှပတဲ့နေရာတွေအများကြီးရှိပါတယ်။

Any message and/or advice to those who wish to study in Japan?

Studying at a Japanese university will give you a lot of experience and knowledge. If you decide to study in Japan, make sure you have sufficient language skills, Japanese and English. I hope you will be happy in your Japanese university student life.

ဂျပန်နိုင်ငံရှိတက္ကသိုလ်များတွင်ပညာသင်ကြားမှုဟာသင့်ကိုဗဟုသုတနဲ့အတွေ့အကြုံတွေအများကြီးရစေမှာပါ။အကယ်၍ဂျပန်မှာ ကျောင်းတက်ဖို့စဥ်းစားထားတယ်ဆိုရင်ဂျပန်စကားနဲ့အင်္ဂလိပ် စကားကိုကျွမ်းကျင်အောင်လုပ်ထားဖို့ပြောချင်ပါတယ်။ ဂျပန်မှာပျော်ရွှင်စွာနဲ့ပညာသင်ကြားနိုင်ဖို့မျှော်လင့်ပါတယ်။

BACK